14 January, 2009

၂၀၁၀ ရွေးကောက်ပွဲထောက်ခံရေး အတွက် ဟောပြောပွဲပြုလုပ်

ပခုက္ကူမြို့ပေါ်တွင် စစ်အစိုးရ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲအား ထောက်ခံမဲပေးရေးအတွက် ဟောပြောပွဲများ ပြုလုပ်စည်းရုံးသော်လည်း ပြည်သူများက စိတ်ဝင်စားခြင်းမရှိကြောင်း မြို့ခံများက ပြောသည်။

ပခုက္ကူမြို့၊ အမှတ် (၈) ရပ်ကွက် အမျိုးသားခန်းမတွင် ခေတ်သစ်သိပ္ပံနိုင်ငံရေး ဘောဂဗေဒလေ့လာရေး ကျောင်းတော်သားများအဖွဲ့က ယခုလ (၁၂) ရက်နေ့က ဟောပြောပွဲများ ပြုလုပ်စည်းရုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါ စည်းရုံးရေးဟောပြောပွဲတွင် အောင်မျိုးစံ၊ ထင်လင်းစံ၊ ရဲဘော်တင်ရွှေ၊ အောင်စေတနာ၊ ဦးကြည်ဝင်း (NLD မင်္ဂလာဒုံ လွှတ်တော်ကိုယ်စားလှယ်ဟောင်း)၊ ဦးတင်ထွန်းမောင် (မင်္ဂလာဒုံ)၊ ဦးသိန်းကြည် (တောင်တွင်းကြီး) တို့က ပြောဆိုစည်းရုံးခဲ့ခြင်းဖြစ်ပြီး အကြွင်းမဲ့ ငြိမ်းချမ်းရေးလမ်းစဉ် ပခုက္ကူခရိုင်စည်းရုံးရေးကော်မတီ ခေတ်သစ် သိပ္ပံနိုင်ငံရေး ဘောဂဗေဒလေ့လာရေး ကျောင်းတော်သားများက ဦးစီးကျင်းပခဲ့ခြင်းဖြစ်သည်။
.

“ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သို့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ရေးအတွက် အမျိုးသားရေး စိတ်ဓါတ်ရှိသူတိုင်း မပျက်မကွက်တက်ရောက်ရန် ဆိုပြီး ဖိတ်တာ၊ သူတို့က ၂၀၁၀ မှာ မဲပေးလိုက်တာသာ အကောင်းဆုံးဖြစ်ပြီး ဒီမိုကရေစီအစိုးရ ပေါ်ပေါက်နိုင်တယ်ဆိုပြီး ပြောတာ၊ ယောက်တိုင်း ဒီအကြောင်းပဲ ပြောတာ၊ လူတွေက နားမထောင်တော့ပဲ ထထပြန်လာတာ၊ နောက်ဆုံး လူမရှိတော့ဘူးဖြစ်သွားတယ်” ဟု မြို့ခံက ပြောသည်။

ထိုကဲ့သို့ ဟောပြောစည်းရုံးမှုများ ပြုလုပ်သော်လည်း ပြည်သူလူထုမှာ စိတ်ဝင်စားခြင်းမရှိဘဲ သွားရောက်ခဲ့ကြသူများမှာလည်း ယခင် (NLD) အဖွဲ့ဝင်ဟောင်းများပါလာသည့်အတွက် မည်ကဲ့သို့ ပြောဆိုမည်ကို သိလိုသောကြောင့်သာ သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

“ပြည်သူတွေက ဘယ်သူ့မှ စိတ်မဝင်စားဘူး၊ ကိုယ့်ထမင်းစားဖို့တောင် အနိုင်နိုင်လုပ်နေရတာ၊ သူတို့ဖိတ်လို့ တက်တဲ့သူနဲ့ လာပြီး သတင်းယူတဲ့လူတွေလောက်ပဲ တက်တာ၊ ပြည်သူလူထုက ဒီကောင်တွေကို အရင် NLD ဟောင်းတွေ၊ သာကူးတွေလို့ပဲ သတ်မှတ်တာ” ဟု မြို့ခံက ပြောသည်။

ထို့အပြင် ပခုက္ကူမြို့ပေါ်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည) က ၂၀၀၉ ဇန်နဝါရီလထုတ် စာစောင်ကိုလဲ ဖြန့်ဝေမှုများပြုလုပ်နေပြီး အဆိုပါစာစောင်တွင် ၂၀၁၀ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မရှင် ဖွဲ့ထားသည့် သဘောမျိုးပါဝင်သော စာများကို ရေးသားထားကြောင်း မြို့ခံက ဆက်ပြောသည်။

“အဖိုးကြီးတွေက တစညပါတီ နိုင်ရမည်ဆိုပြီး ကြွေးကြော်နေသေးတယ်၊ အဲဒီစာစောင်မှာ ရေးထားတာက ကမ္ဘာ့အရှေ့ဘက်ခြမ်းက လုပ်အားပေးဆိုတာ အတင်းအကြပ် ခိုင်းစေခြင်းမဟုတ်ဘဲ စေတနာနဲ့ လုပ်အားပေးတာ ဖြစ်တယ်ဆိုတာတွေ ရေးထားတော့ လူတွေက ဒါကိုဖတ်ပြီး ဒီကောင်တွေအာဏာရရင် ငါတို့ လုပ်အားပေးလုပ်နေရဦးမယ်ဆိုပြီး လှောင်နေကြတယ်” ဟု ပြောသည်။
ရိုးမ (၃)

Read More...

၂၀၁၀ ရွေးကောက်ပွဲထောက်ခံရေး ဟောပြောပွဲပြုလုပ်

ပခုက္ကူမြို့ပေါ်တွင် စစ်အစိုးရ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲအား ထောက်ခံမဲပေးရေးအတွက် ဟောပြောပွဲများ ပြုလုပ်စည်းရုံးသော်လည်း ပြည်သူများက စိတ်ဝင်စားခြင်းမရှိကြောင်း မြို့ခံများက ပြောသည်။

ပခုက္ကူမြို့၊ အမှတ် (၈) ရပ်ကွက် အမျိုးသားခန်းမတွင် ခေတ်သစ်သိပ္ပံနိုင်ငံရေး ဘောဂဗေဒလေ့လာရေး ကျောင်းတော်သားများအဖွဲ့က ယခုလ (၁၂) ရက်နေ့က ဟောပြောပွဲများ ပြုလုပ်စည်းရုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါ စည်းရုံးရေးဟောပြောပွဲတွင် အောင်မျိုးစံ၊ ထင်လင်းစံ၊ ရဲဘော်တင်ရွှေ၊ အောင်စေတနာ၊ ဦးကြည်ဝင်း (NLD မင်္ဂလာဒုံ လွှတ်တော်ကိုယ်စားလှယ်ဟောင်း)၊ ဦးတင်ထွန်းမောင် (မင်္ဂလာဒုံ)၊ ဦးသိန်းကြည် (တောင်တွင်းကြီး) တို့က ပြောဆိုစည်းရုံးခဲ့ခြင်းဖြစ်ပြီး အကြွင်းမဲ့ ငြိမ်းချမ်းရေးလမ်းစဉ် ပခုက္ကူခရိုင်စည်းရုံးရေးကော်မတီ ခေတ်သစ် သိပ္ပံနိုင်ငံရေး ဘောဂဗေဒလေ့လာရေး ကျောင်းတော်သားများက ဦးစီးကျင်းပခဲ့ခြင်းဖြစ်သည်။
.

“ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သို့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ရေးအတွက် အမျိုးသားရေး စိတ်ဓါတ်ရှိသူတိုင်း မပျက်မကွက်တက်ရောက်ရန် ဆိုပြီး ဖိတ်တာ၊ သူတို့က ၂၀၁၀ မှာ မဲပေးလိုက်တာသာ အကောင်းဆုံးဖြစ်ပြီး ဒီမိုကရေစီအစိုးရ ပေါ်ပေါက်နိုင်တယ်ဆိုပြီး ပြောတာ၊ ယောက်တိုင်း ဒီအကြောင်းပဲ ပြောတာ၊ လူတွေက နားမထောင်တော့ပဲ ထထပြန်လာတာ၊ နောက်ဆုံး လူမရှိတော့ဘူးဖြစ်သွားတယ်” ဟု မြို့ခံက ပြောသည်။

ထိုကဲ့သို့ ဟောပြောစည်းရုံးမှုများ ပြုလုပ်သော်လည်း ပြည်သူလူထုမှာ စိတ်ဝင်စားခြင်းမရှိဘဲ သွားရောက်ခဲ့ကြသူများမှာလည်း ယခင် (NLD) အဖွဲ့ဝင်ဟောင်းများပါလာသည့်အတွက် မည်ကဲ့သို့ ပြောဆိုမည်ကို သိလိုသောကြောင့်သာ သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

“ပြည်သူတွေက ဘယ်သူ့မှ စိတ်မဝင်စားဘူး၊ ကိုယ့်ထမင်းစားဖို့တောင် အနိုင်နိုင်လုပ်နေရတာ၊ သူတို့ဖိတ်လို့ တက်တဲ့သူနဲ့ လာပြီး သတင်းယူတဲ့လူတွေလောက်ပဲ တက်တာ၊ ပြည်သူလူထုက ဒီကောင်တွေကို အရင် NLD ဟောင်းတွေ၊ သာကူးတွေလို့ပဲ သတ်မှတ်တာ” ဟု မြို့ခံက ပြောသည်။

ထို့အပြင် ပခုက္ကူမြို့ပေါ်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည) က ၂၀၀၉ ဇန်နဝါရီလထုတ် စာစောင်ကိုလဲ ဖြန့်ဝေမှုများပြုလုပ်နေပြီး အဆိုပါစာစောင်တွင် ၂၀၁၀ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မရှင် ဖွဲ့ထားသည့် သဘောမျိုးပါဝင်သော စာများကို ရေးသားထားကြောင်း မြို့ခံက ဆက်ပြောသည်။

“အဖိုးကြီးတွေက တစညပါတီ နိုင်ရမည်ဆိုပြီး ကြွေးကြော်နေသေးတယ်၊ အဲဒီစာစောင်မှာ ရေးထားတာက ကမ္ဘာ့အရှေ့ဘက်ခြမ်းက လုပ်အားပေးဆိုတာ အတင်းအကြပ် ခိုင်းစေခြင်းမဟုတ်ဘဲ စေတနာနဲ့ လုပ်အားပေးတာ ဖြစ်တယ်ဆိုတာတွေ ရေးထားတော့ လူတွေက ဒါကိုဖတ်ပြီး ဒီကောင်တွေအာဏာရရင် ငါတို့ လုပ်အားပေးလုပ်နေရဦးမယ်ဆိုပြီး လှောင်နေကြတယ်” ဟု ပြောသည်။
ရိုးမ (၃)

Read More...

ဦးဝင်းတင်ပြောစကား မှားယွင်းသတင်းရေးမိကြောင်း ရန်ကုန် ဒီပီအေသတင်းထောက်ဝန်ခံ

အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်အား အင်တာဗျူးပြီး ရေးသားခဲ့သည်ဆိုသော ဒီပီအေသတင်းပါ သတင်းရေးသားချက်များ မှန်ကန်မှုမရှိကြောင်း ဦးဝင်းတင်က မြန်မာနိုင်ငံ နိုင်ငံခြား သတင်းထောက်များအသင်းသို့ တိုင်ကြားခဲ့သည်။ အဆိုပါအမှုကို ဇန်န၀ါရီ (၈) ရက်တွင် ယင်းအသင်းရုံး၌ ရန်ကုန် ဒီပီအေသတင်းထောက်ကို စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ မှားယွင်းသတင်းရေးမိကြောင်း သတင်းထောက် ကိုကို (စက်မှုတက္ကသိုလ်) က ၀န်ခံသွားသည်။

ယင်းအသင်း၏ စုံစမ်းမေးမြန်းမှုများကို ဦးဝင်းတင်ထံသို့ ပေးပို့ခဲ့ပြီး အသင်းအနေဖြင့် အသင်း၏အခြေခံစည်းမျဉ်းအတိုင်း ဆောင်ရွက်ရသည်ဖြစ်ရာ ဤမျှအထိသာ ဆောင်ရွက်ပိုင်ခွင့်ရှိပါကြောင်းနှင့် ဤမျှဖြင့် ကျေနပ်မှုမရှိပါက အခြားကြိုက်ရာနည်းလမ်းများဖြင့် ဒီပီအေ၏ သတင်းရေးသားချက်များ အပေါ် ဆောင်ရွက်နိုင်ကြောင်းလည်း ထည့်သွင်းဖော်ပြခဲ့သည်။

စုံစမ်းမေးမြန်းမှုများကို အသင်းနာယက ဦးလှထွေးက ပြုလုပ်ခဲ့ရာ ဒီပီအေသတင်းဌာနတွင် နေသူ ကိုကို (စက်မှုတက္ကသိုလ်) က ယင်းသတင်းရေးသားသူမှာ ၎င်းကိုယ်တိုင် ဖြစ်ပြီး ဦးဝင်းတင်ထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းသူမှာ မိမိ၏လက်ထောက် ဒေါ်ဆင့်ဆင့်အောင်ဖြစ်သည်ဟု ၀န်ခံပြောဆိုခဲ့ကြောင်း ဦးဝင်းတင်ထံ အကြောင်းပြန်စာတွင် ဖော်ပြခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ၀န်ခံခဲ့ရာ အသင်းနာယက က ဦးဝင်းတင်အနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ ပါတီတွင်းမှ ပါဝင်ယှဉ်ပြိုင်လိုသူအချို့ရှိပြီး၊ အချို့မှာ ပါဝင်ယှဉ်ပြိုင်လိုခြင်းမရှိဟု ပြောကြားခဲ့ခြင်း ရှိမရှိနှင့် ထိုသို့ပြောသည်ရှိသော် မည်သည့်အထောက်အထားရှိမရှိ တိတိကျကျပြောကြားရန် ဒေါ်ဆင့်ဆင့်အောင်အား စစ်ဆေးမေးမြန်းခဲ့သည်။

ဒေါ်ဆင့်ဆင့်အောင်က မိမိသည် ဦးဝင်းတင်အား တယ်လီဖုန်းဖြင့် မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း မေးမြန်းမှုကိုလည်း အသံဖမ်းထားခြင်း မပြုမိခဲ့ကြောင်း၊ သက်သေအထောက်အထားလည်း အတိအကျမဖော်ပြနိုင်ကြောင်း၊ မိမိမှတ်သားထားမိသည်မှာ ဦးဝင်းတင်က အန်အယ်လ်ဒီအတွင်း လာမည့်ရွေးကောက်ပွဲအပေါ် တင်းမာသည့်အသွင်ဖြင့် ချဉ်းကပ်သူများရှိသကဲ့သို့ ပျော့ပျောင်းသည့်အသွင်ဖြင့် ချဉ်းကပ်သူများလည်းရှိကြောင်း ပြောဆိုခဲ့သည်ဟုသာ မှတ်မိပါကြောင်း၊ ဦးဝင်းတင်အနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ ပါတီဝင်အချို့ ရွေးကောက်ပွဲဝင်လိုပြီး အချို့ မ၀င်လိုကြောင်း ပြောမပြောကို မိမိမသေချာကြောင်း ဖြေကြားခဲ့သည်ဟု သိရသည်။

ထို့နောက် ဦးကိုကိုက ဆက်လက်ဖြေကြားရာ ဒေါ်ဆင့်ဆင့်အောင်ထံမှ အထက်ပါအတိုင်း အဖွဲ့ချုပ်အတွင်း လာမည့်ရွေးကောက်ပွဲအပေါ် ချဉ်းကပ်ပုံနှစ်မျိုးရှိကြောင်း တဆင့်ကြားသိရသောအခါ မိမိအနေဖြင့် လာမည့်ရွေးကောက်ပွဲအတွင်း ပါဝင်ယှဉ်ပြိုင်လိုသူများရှိသလို ပါဝင်ယှဉ်ပြိုင်လိုသူများမရှိဟု အဓိပ္ပာယ်သက်ရောက်သည်ဟု ရိုးသားစွာယူဆပြီး သတင်းရေးသားပေးပို့ခဲ့ကြောင်း တင်ပြခဲ့သည်ဟု သိရသည်။

၎င်းတို့၏ တင်ပြချက်များအပြီးတွင် နာယကကြီးက နောက်နောင် အရေးကြီးသော အင်တာဗျူးများလုပ်ပါက တယ်လီဖုန်းဖြင့် အင်တာဗျူးလုပ်ခြင်းထက် လူကိုယ်တိုင်အင်တာဗျူးလုပ်လျှင် ပိုကောင်းမည်ဖြစ်ကြောင်း၊ အင်တာဗျူးလုပ်ရာ၌လည်း အသံဖမ်းစက်ဖြင့် ဖမ်းပြီး ယင်းအသံဖမ်းခွေကိုလည်း မှတ်တမ်းအဖြစ် သိမ်းဆည်းထားသင့်ကြောင်း ပြောကြားခဲ့ပြီး ကမ္ဘာသုံးသတင်းစာပညာစာအုပ်ကို ကိုးကားကာ သတင်းစာကျင့်ဝတ်များကို ပြောကြား၍ စုံစမ်းမေးမြန်းမှုများကို အဆုံးသတ်ခဲ့သည်။

“ရိုးသားစွာ လွဲမှားတယ်လို့ ယူဆသလားဆိုတော့ ယူဆဖို့ကတော့ ခပ်ခက်ခက်ပဲဗျ။ ကျနော်က သတင်းစာကလာတဲ့ နိုင်ငံရေးသမားဆိုတော့ မီဒီယာတွေနဲ့ အငြင်းပွားချင်တာမရှိဘူး။ နိုင်ငံရေးအဖွဲ့အစည်းမှာ တာဝန်ရှိသူတယောက်အနေနဲ့ ပြောရရင်လည်း မီဒီယာနဲ့ အငြင်းမပွားချင်ဘူး။အခုလို လုပ်ရတာက တော်တော်ကို ဆိုးဆိုးရွားရွားမှားနေလို့ပါ။ ကျနော်ပြောခဲ့တာက အန်အယ်လ်ဒီအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာ တင်းမာတဲ့ ချဉ်းကပ်ပုံနဲ့ ပျော့ပျောင်းတဲ့ ချဉ်းကပ်ပုံ နှစ်မျိုးနဲ့ ချဉ်းကပ်ခဲ့တယ်ဆိုတာကို အန်အယ်လ်ဒီရဲ့ ထုတ်ပြန်ချက်နှစ်ခုကို ဥပမာပေးပြီးပြောခဲ့တာပါ။ အဲဒါကို သူတို့က အခြေခံဥပဒေနေရာမှာ ရွေးကောက်ပွဲဆိုတာကို ထည့်သွင်းရေးသွားတယ်။ အဲဒါအပြင် နောက်ထပ်မှားပြန်တာက အန်အယ်လ်ဒီအတွင်းမှာ ရွေးကောက်ပွဲဝင်လိုသူနဲ့ မ၀င်လိုသူနှစ်ပိုင်းရှိတယ်ဆိုပြီး ပါတီတွင်းမှာ အကွဲအပြဲတွေ ဖြစ်နေပြီဆိုတဲ့သဘော၊ ပါတီနှစ်ခြမ်းကွဲတော့မယ်ဆိုတဲ့ သဘော အဓိပ္ပာယ်အထိသက်ရောက်လာလို့ တိုင်ကြားခဲ့တာ။ အဲတော့ ရိုးသားစွာမှားတာ ဟုတ်မဟုတ်ကတော့ ကာယကံရှင်များကိုယ်တိုင်သာ သိမှာပေါ့ဗျာ။ ကျနော့်အနေနဲ့ကတော့ မှားတာကိုမှားတယ်လို့ ၀န်ခံရင်တော်ပြီပေါ့ဗျာ။ သို့သော် နိုင်ငံရေးအနေနဲ့ကတော့ ပြည်ပမှာ ရောက်နေတဲ့ ဒီမိုကရေစီအင်အားစုများအနေနဲ့ ဒါဟာတမင်လုပ်ကြံမှု၊ တမင်မှားယွင်းမှုလို့ ယူဆရင်လို့ ဆက်လက်ဆောင်ရွက်ကြမယ်ဆိုရင် ကျနော်သဘောတူတယ်။ လက်ခံတယ်။ ကျနော့်ကိုယ်စား ဆောင်ရွက်ပေးကြတဲ့အတွက်လည်း ကျေးဇူးတင်တယ်လို့ ကျနော်ပြောချင်တယ်ဗျ။ ကျနော့်အနေနဲ့ကတော့ နိုင်ငံခြားကိုစာရေးဖို့ ဆက်သွယ်ဖို့ ဆိုတာတွေကလည်း အခက်အခဲတွေရှိနေပါတယ်” ဟု ဦးဝင်းတင်က ခေတ်ပြိုင်၏ ဆက်သွယ်မေးမြန်းမှုအပေါ် ရှင်းလင်းပြောကြားသည်။

အဆိုပါအမှုမှာ ၂၀၀၈ နိုဝင်ဘာ (၃၀) ရက်စွဲဖြင့် ထုတ်ဝေသော ဂျာမနီအခြေစိုက် ဒီပီအေ သတင်းတွင် ပါလာခဲ့ပြီးနောက် ဦးဝင်းတင်က ၎င်းပြောကြားချက်မဟုတ်သည်များ ပါရှိခြင်းကြောင့် ဒီဇင်ဘာ (၁၀) ရက် ရက်စွဲဖြင့် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းသို့ တိုင်ကြားစာပေးပို့ခဲ့ခြင်း ဖြစ်သည်။

ယင်းသတင်းတွင် ပါတီတွင်းအကွဲအပြဲများရှိနေသယောင် ရေးထားခြင်းကြောင့် ပြည်ပဒီမိုကရေစီအင်အားစုများက မကျေနပ်ဖြစ်ခဲ့သည်။ ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ဒီပီအေ သတင်းဌာနချုပ်အထိ အတိုက်အခံများက တိုင်ကြားခဲ့သဖြင့် ဦးဆောင်အယ်ဒီတာချုပ် Eva-MariaMcCormack က စုံစမ်းစစ်ဆေးမှုများ လုပ်သွားမည်ဖြစ်ကြောင်းနှင့် မမှန်သတင်းပို့ခဲ့ကြောင်း ထင်ရှားပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းကိုလည်း မြန်မာအတိုက်အခံများထံ ပြန်ကြားထားသည်။

ယခု စစ်ဆေးချက်မှာ ရန်ကုန် နိုင်ငံခြားသတင်းထောက်များအသင်းက စစ်ဆေးချက်ဖြစ်သည့်အတွက် ဒီပီအေ သတင်းဌာန၏ ဌာနဆိုင်ရာစုံစမ်းစစ်ဆေးချက်အပြီးတွင် ရန်ကုန် ဒီပီအေ သတင်းထောက် ကိုကို (စက်မှုတက္ကသိုလ်) အား မည်သို့အရေးယူမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ခေတ်ပြိုင်မှ ကူးယူဖော်ပြသည်။

Read More...

ဆရာဝန် (၈) ဦး တပြိုင်တည်း အလုပ်ဖြုတ်ခံရ မတရားအထုတ်ခံရဟု ဆရာဝန်များက ယူဆ

မကွေးဆေးတက္ကသိုလ်မှ လက်ထောက်ကထိကတဦးနှင့် မန္တလေးဆေးတက္ကသိုလ်မှ သရုပ်ပြဆရာ ဆရာဝန် (၇) ဦးတို့အား တာဝန်မှ စွန့်ခွာခြင်း၊ ၀န်ထမ်းစည်းမျဉ်းဖောက်ဖျက်ခြင်း ဆိုသည့် စွပ်စွဲချက်များဖြင့် ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ထားသည်။

ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် အဆိုပါအမိန့်ကို ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ (၂၆) ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးကိုယ်စား ဆေးသိပ္ပံပညာဦးစီးဌာန ဒု-ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဇော်မြင့်က လက်မှတ်ထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။...

အလုပ်ဖြုတ်ခံရသည့် ဆရာဝန်များမှာ ဒေါက်တာအေးအေးထွန်း (လက်ထောက်ကထိက-မကွေး) နှင့် မန္တလေးဆေးတက္ကသိုလ်တွင် သရုပ်ပြရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြသော ဒေါက်တာကျော်ဇင်သန့်၊ ဒေါက်တာသော်သော်၊ ဒေါက်တာမြမွန်အောင်၊ ဒေါက်တာဧကရီသိန်းလင်း၊ ဒေါက်တာသက်ဝင်း ၊ ဒေါက်တာငြိမ်းချမ်းဦး၊ ဒေါက်တာအေးခိုင်ဇာလတ်တို့ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အမိန့်စာတွင် ဖော်ပြထားပြီး အဆိုပါအမိန့်စာကို နအဖ ကောင်စီဥက္ကဋ္ဌရုံး၊ စရဖ၊ သတင်းတပ်ဖွဲ့၊ မှုခင်းတပ်ဖွဲ့တို့အပါအ၀င် ဌာနပေါင်း (၂၂) ဌာနသို့ ဖြန့်ဝေထားကြောင်း သိရသည်။

အလုပ်ထုတ်ခံရပြီး ပြည်ပနိုင်ငံတခုသို့ ရောက်ရှိလာသည့် ဆရာဝန်တဦးကို ခေတ်ပြိုင်က မေးရာ အလုပ်ထုတ်ခံရသည့် ဆရာဝန်များကို ဆမလိုင်စင်ပါ သိမ်းလိုက်ကြောင်း ပြောပြသည်။

“အလုပ်ကနေ ထွက်ခဲ့ကြတယ်ဆိုတာက ပွင့်ပွင့်လင်းလင်းပြောရရင် ရတဲ့လစာနဲ့မလောက်လို့ပါ။ ကျနော်တို့ ကျူတာဘ၀ဆိုတော့ ရတာက ရှစ်သောင်းခွဲပေါ့။ အဲဒီငွေနဲ့က ဘယ်လိုမှ အဆင်မပြေဘူးလေ။ ဆီဝယ်ထည့်ရင်တောင် တလစာဒီဇယ်ဖိုးမရဘူးလေ။ ကျနော်တို့လို ကျောင်းမှာစာသင်ကြားနေတဲ့ လူတွေအဖို့က အပြင်ဝင်ငွေဆိုတာလည်း ရှိတာမဟုတ်ဘူးလေ။ သင်ကြားရေးကို ၀ါသနာပါလို့ သင်ကြားရေးပိုင်းကို ၀င်ခဲ့ကြတာပါ။ နောက် တချို့ကလည်း မြို့ပေါ်မှာ နေလို့ရပြီး အပြင်အလုပ်ကလေးတွေ လုပ်လို့ရနေတာလည်း
တပိုင်းပေါ့လေ။ နောက်ဝန်ထမ်းတွေကို လစာတိုးပြီးနောက်ပိုင်း အလုပ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မနက် (၉) နာရီကနေ ညနေ (၄) နာရီအထိ ရှိရမယ်တို့ဖြစ်လာတော့ အရင်ကတည်းက လုပ်ချင်စိတ်မရှိတော့တဲ့အထဲ ပိုပြီးတွန်းအားပေးလိုက်သလိုဖြစ်ပြီး အလုပ်ကနေထွက်ခဲ့ကြတာပေါ့” ဟု ၎င်းက ဆိုသည်။

အဆိုပါအမိန့််စာနှင့်စပ်လျဉ်း၍ နေပြည်တော်ရှိ ဒေါက်တာသန်းဇော်မြင့်သို့ ဆက်သွယ်မေးမြန်းရာ ဒေါက်တာသန်းဇော်မြင့်က ၎င်းလက်မှတ်ထိုးသော စာဟုတ်မဟုတ် အတည်ပြုပေးနိုင်ခြင်းမရှိဘဲ အခြားဖုန်းနံပါတ်တခုသို့ ဆက်သွယ်ရန်သာ ပြန်ကြားခဲ့သည်။ ယင်းဖုန်းရှိ အမျိုးသမီး ၀န်ထမ်းတဦးကလည်း အတည်ပြုပြောဆိုနိုင်သော ပုဂ္ဂိုလ်မရှိပါကြောင်း ပြန်ကြားပြီး ဖုန်းချသွားခဲ့သည်။

အထုတ်ခံရသည့် ဆရာဝန်တဦးကမူ တရားဝင်ထွက်စာတင်ခွင့်မရသည့်အတွက် အကြောင်းမကြားဘဲ ထွက်ခဲ့ရခြင်းဖြစ်သည်ဟု ခေတ်ပြိုင်သို့ ပြောသည်။

“မလုပ်ချင်တော့လို့ ထွက်တာလည်း ကျနော်တို့က တရားဝင်ထွက်စာတင်လို့မရဘူးဗျ။ ထွက်စာတင်လို့မရလို့ အကြောင်းမကြားဘဲ ထွက်ခဲ့ကြတာပေါ့။ ကျနော်တို့ကို သက်ဆိုင်ရာတက္ကသိုလ်မှာ အလုပ်စ၀င်ကတည်းက (၁၈) နှစ်လုပ်ရမယ်ဆိုပြီး လက်မှတ်ထိုးခိုင်းထားတာတော့ ရှိတာပေါ့လေ။ ဒါပေမယ့် လစာနဲ့ လောက်င မှုမရှိတဲ့အပြင် လွတ်လပ်စွာ ပညာသင်ကြားခွင့်မရတဲ့အတွက် ကျနော်တို့ ကျောင်းကို မသွားခဲ့ကြတာပါ။ တခြားပြစ်ချက်တစုံတရာမရှိခဲ့ပါဘူး။ လွတ်လပ်စွာပညာသင်ကြားခွင့် မရဘူးဆိုတာက တခြားဝန်ကြီးဌာနမှာ တော့မရှိဘူး။ ကျနော်တို့ ကျန်းမာရေးဝန်ကြီးကတော့ ဘာထုတ်ထားလဲဆိုတော့ ဘွဲ့လွန်တက်မယ်ဆိုရင် ဇီးပင်ကြီးမှာရှိတဲ့ ပုံမှန်သုံးလခွဲသင်ကြားပေးနေတဲ့ ၀န်ထမ်းလေ့ကျင့်ရေးဆိုတာကို မတက်မနေရ တက်ရမယ်။ အဲဒါမတက်ထားတဲ့ ၀န်ထမ်းသည် ပြည်တွင်း၊ ပြည်ပ မည်သည့်ဘွဲ့လွန်ကိုမျှ ဖြေဆိုခွင့်မရှိဆိုပြီးတော့ကို ထုတ်ထားတာပေါ့။ ကျနော်သိသလောက်တော့ တခြားဝန်ကြီးဌာနတွေမှာ အဲဒီစည်းမျဉ်း မရှိဘူးဗျာ။ အဲဒီသင်တန်းမတက်ရင် ရာထူးမတက်တာဘဲရှိတာ။ ကျနော်တို့ ၀န်ကြီးကတော့ အလိုတော်ရိဆိုတော့ အဲလိုမျိုးကိုထုတ်ထားတော့ ကျနော်တို့မှာ ဘွဲ့လွန်တက်ချင်ပေမယ့် တက်လို့မရဘူး။ တက်ချင်တဲ့လူတွေ သုံးလခွဲလောက် အောင့်အည်းပြီး တက်ကြရတာပေါ့။ ကျနော်ကတော့ ခံယူချက်တမျိုးဆိုတော့ မတက်ဘဲနဲ့ ထွက်လိုက်တာပါပဲ” ဟု ပြည်ပသို့ရောက်ရှိလာသော ဆရာဝန်က ၎င်းတို့အနေဖြင့် လွတ်လပ်စွာ ပညာသင်ကြားခွင့်မရခဲ့ခြင်းနှင့် အလုပ်ထွက်ရခြင်း အကြောင်းရင်းကို ရှင်းလင်းပြောဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဘွဲ့လွန်ကြေးနှင့် ပညာသင်လျော်ကြေးငွေ (၅) သိန်းစီ ပေးလျော်ရမည့်သူ (၅) ဦး၊ ဆမလိုင်စင် အကန့်အသတ်မရှိ ပိတ်သိမ်းခံရသူ (၅) ဦးနှင့် ဆမလိုင်စင် (၅) နှစ် ပိတ်သိမ်းခံရသူ (၃) ဦးပါရှိကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားသည်။

“ကျနော်သိစေချင်တာက အလုပ်မ၀င်သေးတဲ့ ကျောင်းပြီးစကျောင်းသားတွေ မလုပ်ခင် စဉ်းစားကြဖို့ပေါ့။ ကျနော်တို့ဆိုရင် ဆမလိုင်စင် အသိမ်းခံရတယ်။ နောက် ပြည်ပထွက်ခွင့်မရအောင် ကျနော်တို့ စာရင်းတွေကို ပတ်စ်ပို့ရုံးကို ပေးထားတယ်။ ကျနော်တို့ဆို ကိုးတန်းအောင်နဲ့ ထွက်ခဲ့ရတာ။ ထွက်သွားပြီးတဲ့သူတွေ ပြန်လာရင်လည်း လေဆိပ်မှာတင် ပတ်စ်ပို့သိမ်းတယ်။ အလုပ်လုပ်ကိုင်ခွင့် မပြုဘူး။ နောက်ပြီး ကျနော် သိသလောက်ဆိုရင် စရဖတွေ ဘာတွေအထိ ပို့ထားတာပေါ့လေ။ တကယ်ဆိုရင် ဒါတွေက နိုင်ငံရေးလုပ်နေ တာမဟုတ်ဘူးလေ။ ကျနော်တို့ ပြည်ပမှာ ကျောင်းတက်ချင်တယ်၊ ဘွဲ့ထပ်ယူချင်တယ်ဆိုလည်း ထောက်ခံချက်မပေးဘူး။ ထောက်ခံချက် မပေးရုံတင်မကဘူး။ ဒီဘက်ကျောင်းက လှမ်းမေးရင်တောင်မှ ဒီဆရာဝန်ကို မသိဘူး။ မဟုတ်ဘူးဆိုပြီး ငြင်းတာမျိုးအထိတောင် လုပ်တယ်ဗျာ။ အဲလိုလုပ်တဲ့အခါကျတော့ ကျနော်တို့က ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်ချိုးဖောက်မှုတွေ လုပ်ခဲ့လို့လားဆိုပြီး အထင်ခံရတာတွေရှိတယ်။ သူများနိုင်ငံက ဆရာဝန်တွေ ထွက်ပြေးတယ်ဆိုတာက ဒါမျိုးတွေကြောင့်ဆိုပေမယ့် မြန်မာနိုင်ငံက ဆရာဝန်တွေ ထွက်ကုန်ကြတာက အလုပ်လုပ်လို့မရလို့ပါ။ တကယ်ဆို ကျနော်တို့လည်း ကိုယ့်နိုင်ငံအတွက် လုပ်ခဲ့ကြတာပါပဲ။ ကျနော်ဆိုရင် လစာခုနှစ်ထောင့်ငါးရာ ကစပြီး လုပ်ခဲ့တာပေါ့နော်။ ဒါပေမယ့် သူတို့အလုပ် ဆက်မလုပ်တဲ့အခါကျတော့ တကယ့်ရန်သူကြီးလို အဆက်ဆံခံကြရတာပါ” ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

ယင်းကဲ့သို့ ဆရာဝန်များအလုပ်မှ ထွက်ခွာမှုမှာ ဆေးသိပ္ပံပညာဦးစီးဌာနအတွင်း အများဆုံးဖြစ်ပွားနေပြီး ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များလည်း ၂၀၀၈ ခုနှစ်အတွင်း အလုပ်ထွက်ခွာမှုများရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် သြဂုတ်လအတွင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက အလုပ်မှထွက်ခွာသွားသော ပါရဂူဘွဲ့ရ ဆရာ၊ ဆရာမ (၂၃) ဦးအား ၎င်းတို့ပိုင်ဝက်ဘ်ဆိုက်မှ ထုတ်ပြန်ကာ လျော်ကြေးငွေတောင်းခံခဲ့ကြောင်း ခေတ်ပြိုင်က ဖော်ပြခဲ့သည်။ လျော်ကြေးငွေ တောင်းခံမှုတွင် သက်ဆိုင်ရာဘွဲ့များအလိုက် မြန်မာငွေ (၅) သိန်းမှ (၃၄) သိန်းအထိ ပါဝင်သည်။

ခေတ်ပြိုင်မှကူးယူဖော်ပြသည်။

Read More...

ကြံ့ဖွံ့အသင်း နိုင်ငံဦးဆောင်ရန် အသင့်ဟ ဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်ပြော

ကံ့ခိုင်ရေးအသင်းကြီးသည် နိုင်ငံတော်ကို ဦးဆောင်သွားနိုင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဇန်နဝါရီ (၉) ရက်နေ့ မြစ်ကြီးနားမြို့တွင် မြို့မိမြို့ဖများ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်က ပြောသည်။

မြစ်ကြီးနားမြို့တွင် မြို့မိမြို့ဖများ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့်တွေ့ဆုံစဉ် ကချင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း တာဝန်ခံလည်းဖြစ်သူ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်က ယခုကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။်...

နိုင်ငံတော်ကို မည်သို့ဦးဆောင်မည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံအသင်း ၀င်ပြိုင်မည်၊ မပြိုင်မည် စသည့်အချက်များကိုမူ ဗိုလ်မှူးချုပ် သိန်းဇော်က ရှင်းရှင်းလင်းလင်း ပြောခဲ့ခြင်းမရှိဟု အဆိုပါ အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်ခဲ့သူ မြို့ခံတဦးက ပြောသည်။

သို့သော် ကြံ့ဖွံ့အသင်းက နိုင်ငံရေးပါတီ (၂) ခု ဖွဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲယှဉ်ပြိုင်မည်ဖြစ်ကြောင်း ၂၀၀၈ ခု နိုဝင်ဘာ (၃၀) ရက် ရန်ကုန် ဒီပီအေသတင်းတွင် ဖော်ပြထားသည်။ ရန်ကုန် ဒီပီအေသတင်းထောက် (ကိုကို-စက်မှုတက္ကသိုလ်) ဆိုသူသည် စစ်အစိုးရအလိုကျ ရေးသားနေသည့် သတင်းထောက်ဖြစ်သည်ဟု ရန်ကုန်စာနယ်ဇင်းအသိုင်းအ၀န်းက ပြောသည်။

ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်သည် ကချင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း တာဝန်ခံလည်း ဖြစ်သကဲ့သို့ ကြံ့ခိုင်ရေးအသင်း ဗဟို အတွင်းရေးမှူးလည်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံစည်းဝေးပွဲကို နံနက် (၁ဝ) နာရီ စမည်ဆို၍ (၉) နာရီခွဲကျော်ကတည်းက သွားစောင့် နေခဲ့ရကြောင်း၊ ဝန်ကြီးခရီးစဉ်နောက်ကျနေ၍ နံနက် (၁၁) နာရီမှ စတင်ခဲ့ရပြီး နေ့လယ် (၁) နာရီလောက်တွင် ပြီးဆုံးခဲ့သည်ဟု မြစ်ကြီးနားမြို့ခံက ပြောသည်။

၎င်းက “သူတို့အသင်းဝင်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ မပါဘူး။ ရပ်ကွက်တိုင်းက မြို့မိမြို့ဖတွေလည်း မဟုတ်ဘူး။ လူရွေးပြီး ဖိတ်တာ။ ကျနော်လည်း သူတို့လာဖိတ်လို့ အခုမှ တက်ဖူးတာ။ ဗိုလ်မှူးချုပ်သိန်းဇော်က ဒီကို မကြာမကြာ လာတယ်။ လာရင် သူတို့အသင်းသားတွေနဲ့ အစည်းအဝေး သီးသန့်လုပ်တာရှိတယ်။ မြို့မိမြို့ဖတွေနဲ့ တွေ့တာရှိတယ်။ ဘာသာရေးခေါင်းဆောင်တွေကို တွေ့တာရှိတယ်” ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲဥပဒေ မထွက်သေးသည့်အတွက် ပါတီအရေအတွက် မည်မျှယှဉ်ပြိုင်ခွင့် ရှိမည်ကို အတိအကျ မသိရသေးသော်လည်း နောက်ထပ် ပါတီတခု နှစ်ခု ထွက်လာနိုင်သည့်အပြင် အန်အယ်လ်ဒီလည်း ပါနိုင်သည်ဆိုပြီး ပြည်တွင်းဂျာနယ်တခုနှင့် တွေ့ဆုံရာတွင် တစညပါတီ ပြောခွင့်ရပုဂ္ဂိုလ်က မကြာခင်ရက်ပိုင်းအတွင်း ပြောခဲ့သည်။ စစ်အစိုးရနှင့် ရင်းနှီးသည်ဟု လူသိများသည့် ရန်ကုန်တိုင်းမ်ဂျာနယ်နှင့် တွေ့ဆုံရာတွင် တစညပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ကြီးက ယင်းသို့ ပြောခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ပြည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီကြီး (၃) ခုသာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်ဟု ၂၀၀၇ ခုနှစ် ဧပြီလတွင် ထိုင်းဝန်ကြီးချုပ်စမတ်က သတင်းထောက်များကို ပြောခဲ့သည်။.

Read More...

နိယာမ

မူလရုပ်သွင် ချိုပြုံးရွှင်နှင့်၊
တေးသံလဲသာ အဆင်းဝါလည်း၊
ရန်ဘေးသတ္တု ရှိခဲ့လျှင်မူ၊
ရဲစိတ် ရဲမာန် ရဲဟန်ပန်နှင့်၊
ခွပ်ဒေါင်းအမှန် သိစေမြဲ။

မူလရုပ်သွင် ချိုပြုံးရွှင်နှင့်၊
ပညာကြိုးစား ဒို.ကျောင်းသားတို.၊
ဟုတ်တိုင်း မှန်ရာဆိုရပါမူ၊
ရဲစိတ် ရဲမာန် ရဲဟန်ပန်နှင့်၊
ခွပ်ဒေါင်းအလံ လွှင့်ထူမြဲ။

ဇွဲမာန်(13.12.2008)

ကိုဇွဲမာန်မှ မျှဝေခံစားသည်။


Read More...

လမ်းမှား



စားတာက ဆန်ပြုတ်၊
ဝတ်တာက ဗေထုတ်၊
နေတာက တဲစုတ်၊
ဘ၀က သုည၊
အလုပ်က နတ္တိ၊
ပညာက ဗလာ၊
ပုခုံးတွေသာ အသားမာတက်၊
ဆင်းရဲတွင်းက နက်ဆဲ.....။

ဝန်နဲ.အား မမျှတဲ့ကြား၊
ကုန်ဈေးနှုံး တက်သွားခဲ့တော့၊
အနာဂတ် ခွက်စုတ်တလုံးထဲ၊
သူဘ၀ ရေစုန်မမျောချင်တော့လို.၊
သူ.ကိုယ်သူပဲ.....၊
အဆုံးစီရင်လိုက်တော့တယ်။

(ကုန်ဈေးနှုံးကြီးမြင့်မှုကြား ရွှေတိဂုံဘုရားတွင် မိမိကိုယ်မိမိအဆုံးစီရင်သွားသော လူငယ်တဦးအား ခံစားရေးဖွဲ.ပါသည်။)

ဇွဲမာန်(13.12.2008)

ကိုဇွဲမာန်မှ မျှဝေခံစားသည်

Read More...

သာသနာ့အလံစိုက်ထူကြလော့..



မြန်မာနိုင်ငံအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊
ဘုရားစေတီပုထိုးများ၊အိမ်

များ၊ပန်းခြံများ၊နေရာအနှံ့ အပြားတွင်
် သာသနာတော်၏အမှတ်တံဆိပ်အောင်လံတံခွန်ဖြစ်

သော သာသနာ့ အလံကို စုပေါင်းညီညွတ်စွာဖြင့်
ရဲရဲရင့်ရင့်စိုက်ထူကြလော့----------

သာသနာ့အလံရင်ထိုးတံဆိပ်များကို
မိမိတို့ ၏အင်္ကင်္ျီများတွင်ချိတ်ထိုးကြလော့--

တာဝန်သိသူတာဝန်ရှိသည်ဆိုသည့်အတိုင်း
မိမိတို့ ကိုးကွယ်သည့်ဘာသာသာသနာမ

ပျောက်ပျက်ရေးသည် မိမိတို့ ၏တာဝန်ဖြစ်သည်။
ယနေ့ န.အ.ဖ စစ်အစိုးရသည် မြန်မာ့

မြေပေါ်တွင်သာသနာကွယ်ပျောက်ရန်အတွက်
အကွက်ကျကျစီမံလျက်ရှိနေပါသည်။
ယနေ့ 

မြန်မာနိုင်ငံအတွင်းထင်ရှားကြော်ကြားသောဆရာတော်ကြီးများသည်
် န.အ.ဖ ၏လက်ချက် ကြောင့်ထောင်ထဲတွင်အသက်ဆုံးရှုံးခဲ့ကြသည်။
ယခုထိထောင်ထဲတွင်ညှင်းပမ်းနှိပ်စက်ခံနေ

ကြရသည်။မဟာမြတ်မုနိဘုရားအပါအဝင်
ထင်ရှားသောစေတီပုထိုးများ ဖောက်ဖျက်

ဖျိုချဖြတ်ဆီးခံနေရသည်။


မြန်မာပြည်သူတို့ ၏ဒီမိုကရေစီအောင်ပွဲသည်
လက်တစ်ကမ်းအလိုတွင်ရှိနေပြီ-

မြန်မာပြည်သူပြည်သားအားလုံးအသင့်ပြင်ဆင်ကြလော့--
နိုးကြားထကြွဇွဲလုံ့ လရှိကြလော့--

မိမိတို့ ၏လွတ်လပ်ရေးတိုက်ပွဲကို မိမိတို့ ကိုယ်တိုင်ပါဝင်ဆင်နွှဲမှရမည်။

မြန်မာနိုင်ငံအတွင်းရှိဆရာတော်သံဃာတော်များအား
န.အ.ဖ စစ်အစိုးရများက

လိုက်လံဖမ်းဆီးနေသောကြောင့်ထွက်ပြေးတိမ်းရှောင်ပုန်းအောင်းနေကြရသည်။
သံဃာတော်

အများအပြားသည် မိမိနိုင်ငံအတွင်းသို့ ပြန်ကြွခွင့်မရကြဘဲ
အခြားနိုင်ငံများတွင်ခိုအောင်းနေ

ထိုင်ကြ ရသည်။န.အ.ဖ စစ်အစိုးရသံဃာတော်များအပေါ်
ဤကဲ့သို့ ဆက်လက်ယုတ်မာနေမည်

ဆိုလျှင်မြန်မာနိုင်ငံအတွင်း၌ များ
မကြာမှီအချိန်အတွင်းသာသနာကွယ်ပျောက်သွားနိုင်သည်။

မိမိတို့ ယုံကြည်ကိုးကွယ်ထားသော
ဘာသာ၊သာသနာမကွယ်ပျောက်လိုလျှင်
သာသနာ့အန္တ ရာယ်ဖြစ်သော န.အ.ဖ စစ်အစိုးရကို
ရဲရဲရင့်ရင့်ဝိုင်းဝန်းတွန်းလှန်ဖို့ လိုပြီ။
မိမိတို့ ၏ဘုရား သာသနာမကွယ်ပရေးအတွက် အသက်ပေးကာ
ကာကွယ်သွားကြမည်ဖြစ်ကြောင်းကို ဘုရား

စေတီပုထိုးများ၊ဘုန်းတော်ကြီးကျောင်းများ၊အိမ်များ၊
ဓမ္မာရုံများအပါအဝင်အဆောက်အအုံများ

အားလုံးနှင့်ပန်းခြံများ၊သစ်ပင်များ၊လမ်းများစသည်တို့ တွင်
်မည်သည့်နေရာမဆိုသာသနာ့အောင်

တံခွန်ဖြစ်သော သာသနာ့အလံတော်ကို ရဲရဲရင့်ရင့်စိုက်ထူခြင်းဖြင့်ပြသကြလော့---

အင်္ကျီများတွင် သာသနာ့အလံရင်ထိုးများ၊သာသနာ့စက္ကူအလံများကိုရဲရဲရင့်ရင့်

ချိတ်ထိုးကြလော့----

မင်းသုည မှမျှဝေသည်။

Read More...

မြန်မာပြည်သူအပေါင်းတို့



ယနေ့မြန်မာနိုင်ငံအတွင်းအချင်းချင်းလိမ်လည်ညစ်ပတ်
ကောက်ကျစ်ယုတ်မာပက်စက်သည့်
် အမျိုးသားရေးသစ္စာဖေါက် အမှားတရားများ အလွန်ထွန်းကားနေပါသည်။
ထိုအမှားတရားများကင်းပျောက်၍အချင်းချင်းချစ်ချစ်ခင်ခင်
်စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့်ဓမ္မအောင်ပွဲ
ဆင်နွှဲနိုင်ရန်မိမိရင်ထဲအမှန်တရား
မြတ်နိုးမှုကို မိမိထံရောက်လာသောပိုက်ဆံများပေါ်
စာရွက်အလွတ်များပေါ် နံရံများပေါ်စသည်
့်တွေ့ရာနေရာများတွင်ဘောလ်ပင် ရှော့ပင်.မြေဖြူ မီးသွေးစသည် ရရာဖြင့်
ရေးဆွဲပေးကြပါရန်တိုက်တွန်းနိုးဆော်ပါသည်။
တနေ့လျှင်အနည်းဆုံး၁၀ယောက်ကိုအမှန်ခြစ်များ
ခြစ်ပေးပါရန်ပြော
ကြားပေးကြပါ။အမှန်တရားမြတ်နိုးမှုကိုအမှန်ခြစ်များ
ရေးခြစ်ကာမိမိဆနမှန်ကိုဖေါ်ပြကြပါ။
မြန်မာနိုင်ငံအတွင်းအမှားတရားများကင်းပျောက်၍
အမှန်တရားမျာပြန်လည်ထွန်းကားနိုင်ကြပါစေ။
အမှန်တရားမြတ်နိုးသူတိုင်းအမှန်ခြစ်ခြစ်ကြသည်။

တာဝန်သိသူတာဝန်ရှိသည်၊ တာဝန်ကိုသူတော်ကောင်းသူမြတ်လောင်း အာဇာနည်တွေတာသိကြသည်၊သိကြသည့်အတိုင်းကြေပွန်စွာထမ်းဆောင်
ကြပါသည်။
အချင်းချင်းလက်ဆင့်ကမ်းပြောကြားပေးကြပါရန်ရိုသေလေးစားစွာဖြင့်
တိုက်တွန်းနိုးဆော်ပါသည်။
တာဝန်ကြေပွန်သူအာဇာနည်သူရဲကောင်းများဖြစ်နိုင်
ကြပါစေ။..

မင်းသုည မှမျှဝေသည်။

Read More...

13 January, 2009

ကြေငြာချက်

မြန်မာပြည်သူအပေါင်းတို့
ယနေ့မြန်မာနိုင်ငံအတွင်းအချင်းချင်းမေတာတရားများခေါင်းပါးလာခြင်းကြောင့်
ရေကြီးခြင်းမုန်တိုင်းကျခြင်းမီးလောင်ခြင်းငလျင်လှုပ်ခြင်းအစာရေစာများ
ငတ်မွတ်ခေါင်းပါးလာခြင်းစသောကပ်ဘေးဒဏ်များကျရောက်ခံစားနေကြရပါသည်။
ထိုကပ်ဘေးဒဏ်များကင်းပချုပ်ငြိမ်းစေရန်မြတ်စွာဘုရားရှင်၏ပရိတ်တရားတော်များကို CD,VCD,DVD,Mp3,Mp4စသည်စက်များဖြင့် ကျောင်းတိုင်း ဓမ္မာရုံတိုင်းအိမ်တိုင်းနေရာတိုင်းတွင်
နံနက် ၅နာရီ ည ၈ နာရီတိတိ အချိန်တွင်နေ့စဉ်နေ့တိုင်းတပြိုင်တည်း ဖွင့်လှစ်ပေးကြပါရန်
တိုက်တွန်းနိုးဆော်ပါသည်။
ထိုသတ်မှတ်ထားသောအချိန်တွင်မေတ္တသုတ်ပရိတ်တရားတော်နှင့်
အရပ်၁၀မျက်နှာမေတ္တာပို့စာများကိုလည်းညီညာစွာရွတ်ဆိုပေးကြပါရန်ရို
သေလေးမြတ်စွာဖြင့်တိုက်တွန်းနိုးဆော်ပါသည်။
တာဝန်သိသူတာဝန်ရှိသည် တာဝန်ကိုသူတော်ကောင်းသူမြတ်လောင်း အာဇာနည်တွေတာသိကြသည်၊သိကြသည့်အတိုင်းကြေပွန်စွာထမ်းဆောင်
ကြပါသည်။
အချင်းချင်းလက်ဆင့်ကမ်းပြောကြားပေးကြပါရန်ရိုသေလေးစားစွာဖြင့်တိုက်တွန်းနိုးဆော်ပါသည်။
တာဝန်ကြေပွန်သူအာဇာနည်သူရဲကောင်းများဖြစ်နိုင်ကြပါစေ

Read More...

12 January, 2009

သိကြားမင်းတောင်မျက်စေ့လည်သွားတယ်.




လူတွေရဲ့အဖြစ်မှန်၊
အကြောင်းခံကိုလေ့လာကြည့်။

တချို့ကလူဖျင်းလူညံ့၊
တချို့က လူကောင်းလူတော်။

မသူတော်နှင့်သူတော်၊
ဤနှစ်ဖော်နှိုင်းယှဉ်ကြည့်။

လူသူတော်က၊
မိမိအရည်အချင်းနှင့်၊
နေရာမှန်ကိုသိတယ်။

ဒါပေသိလူဖျင်း၊
အရည်အချင်းကနတ္တိ၊
ယူဘိသည့်နေရာက အမြင့်ဆုံး၊
မာနတစ်လုံး နေရာတကာသုံးပြီး၊
ငါကွလို့ လက်မထောင်၊
ဟောင်တဲ့အသံက ဘ၀ဂ်ညံ့။

နားမခံသာတဲ့ သိကြားမင်း၊
လူ့ပြည်သက်ဆင်းလို့ဝရဇိန်ကိုင်စွဲ၊
အပြတ်နွှဲမယ်လို့ ကြံတုန်း။

ဘုရား၊တရား သံဃာနားချဉ်းကပ်၊
ဦးသုံးကြိမ်ခါခါထပ်ပြီး၊
သူမဟုတ်သယောင်နှင့် သူတော်ယောင်ဆောင်၊
ယောင်တောင်တောင်ဖြစ်အောင်၊
လိမ်ညာပြလိုက်တာ။

သိကြားမင်းတောင် မျက်စိလည်သွားပြီ။

မင်းသုည (ကွမ်းခြံကုန်း)

မင်းသုညမှ မျှဝေခံစားသည်။

Read More...

11 January, 2009

ဒေါင်းတို့တေးသံ




အိုးဝေ.....အိုးဝေ.....
သံသာ ဟစ်ကျွေး၊
ဒေါင်းတို့ တေးလေး၊
မနေ့က ရှိခဲ့ဘူးတယ်။


အိုးဝေ...အိုးဝေ...
အားမာန်နဲ့ ဟစ်ကြွေး၊
ဒေါင်းတို့ရဲ့ တေးလေး၊
ဒီနေ့လဲ ရှိနေတယ်။

အိုးဝေ...အိုးဝေ...
မရိုးနိင်စွာ ဟစ်ကြွေး၊
ဒေါင်းတို့ တေးလေး၊
မနက်ဖြန်လဲ ရှိနေအုန်းမယ်။

အချိန်တွေ ရွေ့လျှား၊
ဒေါင်းပျိုတွေ သေသွား၊
ကြွေသွားကြပေမဲ့၊
တေးသံက သာစဲ၊
ပိုလို.သာ မြည်မြဲ......။

ဇွဲမာန်
(13.12.2008)

ကိုဇွဲမာန်မှ မျှဝေခံစားသည်။

Read More...

10 January, 2009

နှစ်သက်မိတဲ့စာတပုဒ်..




ကိုရန်အောင်ရဲ့ ဘလော့ ကနေ ကျမ ကြိုက်မိတဲ့ စာတပုဒ် ကို ပြန်လည်ဝေမျှလိုက်ပါရစေရှင်။
နာမည်က ဖတ်မိသောစာ.. ရသော အတွေးပါ...တဲ့။ နှစ်သက်ကြလိမ့်မယ် လို့မျှော်လင့်မိပါတယ်။

မဖတ်ဖြစ်တာ ကြာပြီဖြစ်တဲ့ မန်လည်ဆရာတော်ဘုရားကြီးရဲ့ "မဃဒေ၀လင်္ကာသစ်ကြီး" ကို ဒီနေ့ ပြန်ဖတ်ဖြစ်ခဲ့ပါတယ်.

အဲဒီ့အထဲကမှ နှစ်သက်မိတဲ့ စာပိုဒ်တစ်ချို့ကို စကားပြေပြန်ပြီး တင်ပြဆွေးနွေးလိုက်ပါတယ်.

နောင်ကိုလည်း မကြာမကြာ စာကောင်းပေမွန်လေးတွေကို ဆက်လက်ဝေမျှ ဆွေးနွေးသွားပါဦးမယ်.

သူ့ကိုချီးမြှောက်၊ ကိုယ့်ဂုဏ်မြောက်၏၊ ယွင်းဖောက်အလို၊ ၀န်မတိုနှင့်၊ သူ့ကိုဂုဏ်နှိမ့်၊ကိုယ့်ဂုဏ်နိမ့်၏၊ စည်းစိမ်အရာ၊ သူ့ချမ်းသာ၌၊ ဣသာမပြု၊ ၀မ်းမြောက်ရှုလော့၊ (ပိုဒ်ရေ ၁၈၅)



သူတစ်ပါးကို ချီးမွမ်းပြောဆိုတတ်သူသည် မိမိ၏ ဂုဏ်သတင်းလည်း ပိုမိုမြင့်မားလာတတ်၏။ မနာလိုဝန်တိုခြင်း၊ ဂုဏ်သတင်းညှိုးနွမ်းစေရန် မဟုတ်မှန် လုပ်ကြံလီဆယ်၍ ပြောဆိုနှိမ့်ချတတ်သူများသည် မိမိတို့၏ ဂုဏ်သိက္ခာကို ပြန်လည်ဖျက်ဆီးနေသူများနှင့်တူ၏။ သူတစ်ပါး၏ စည်းစိမ်ဥစ္စာ၊ ပညာဂုဏ်သတင်း ကျော်စောခြင်း၌ ဣသာမစ္ဆရိယစိတ် မပွားများဘဲ ၀မ်းမြောက်ဝမ်းသာ မုဒိတာပွားသင့်လှပေ၏။

ဗာလအလို၊ သ၀န်တိုနှင့်၊ ကိုယ်ကိုထောင်လွှား၊ အမြတ်ထား၍၊ သူ့အားနှိမ့်ချ၊ ပြုတတ်ကြမူ၊ မလှကျိုးမဲ့၊ ဂုဏ်ချို့တဲ့လျက်၊ ကဲ့ရဲ့ဘေးဒဏ်၊ ကိုယ်ကိုပြန်ပြီး၊ ဧကန်မုချ၊ ဒုက္ခကိုယ်မှာ၊ ရောက်တတ်စွာခဲ့…. (ပိုဒ်ရေ ၂၀၃)

သူယုတ်မာ၊ သူမိုက်တို့သည် မနာလို သ၀န်တိုစိတ် ကြီးစွာဖြစ်သဖြင့် မိမိကိုယ်ကိုသာ အထူးအမြတ်ထားတတ်၍ သူတစ်ပါးအား နှိ့မ်ချပြောဆို စကားတင်းဆိုတတ်ကြ၏။ ထိုသို့ပြုခြင်းသည် မည်သူ့ကိုမျှ အကျိုးမများစေသည့်အပြင် မနာလိုစိတ်ဖြစ်သူ လူမိုက်ကိုသာ ပြန်လည်လောင်ကျွမ်း ဂုဏ်သိက္ခာညှိုးနွမ်းလျက် ဒုက္ခရောက်စေတတ်၏။

ရထားစက်ဟုန်၊ လည်သုန်သုန်ကို၊ မတုန်မလှုပ်၊ တည်စေချုပ်သို့၊ ဟုပ်ဟုပ်အမျက်၊ ကောဓစက်ကို၊ ဥာဏ်လက်သိမ်းအုပ်၊ လည်မလှုပ်အောင်၊ ထိန်းချုပ်နိုင်ငြား၊ ထိုသူ့အားလျှင်၊ ဘုရားတကာ၊ အရိယာတို့၊ လွန်စွာ မငြီး၊ ဘ၀ဂ်တီးအောင်၊ ကောင်းချီးခေါ်ပြု၊ သာဓုထပ်မျှ၊ ချီးမွမ်းကြ၏။ (ပိုဒ်ရေ ၂၃၄)

အရှိန်ပြင်းစွာ လည်ပတ်နေသော ရထားဘီးကို ရပ်တန့်သွားအောင် ပြုလုပ်နိုင်သကဲ့သို့ ပညာရှိသူသည်လည်း မိမိ၌ဖြစ်သော ဒေါသကို မလှုပ်မယှက်နိုင်အောင် ဇက်မှကိုင်၍ ထိန်းချုပ်နိုင်စွမ်းရာ၏။ ထိုသို့သော ပညာရှိပုဂ္ဂိုလ်ကို ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့သည် ကောင်းချီးဩဘာပေး၍ သာဓုခေါ်ကာ ချီးမွမ်းဂုဏ်ပြုတတ်ကြပေ၏။

လောဘဒေါသ၊ မောဟအဟုန်၊ ဆတ်ဆတ်ခုန်၍၊ သည်းတုန်အူလှိုက်၊ မမူထိုက်ရှင့်၊ သူမိုက်သဘော၊ စရိုက်ပြောလျက်၊ ကုဒ္ဓေါဓမ္မံ နဇာနာတိ၊ အစရှိသား၊ ပါဠိဒေသနာ၊ ဟောမိန့်မှာတိုင်း၊ မှန်စွာစင်စစ်၊ ဒေါသဖြစ်က၊ ကျိုးပြစ်တရား၊ မသိငြားဘူး။ (ပိုဒ်ရေ ၂၃၄)

လောဘ၊ ဒေါသ၊ မောဟဟူသော အကုသိုလ်တရားများ၏ ရှေ့ဆောင်မှုဖြင့် အရာရာကို မိုက်မဲစွာ မဆုံးဖြတ်ရာ။ ရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့သည့်အတိုင်း အမျက်ဒေါသသည် မည်သည့်အရာကိုမျှ မစဉ်းစားမဆင်ခြင်ဘဲ ပရမ်းပတာ ပြုတတ်၏၊ အမှန်တကယ် ဒေါသဖြစ်ပါက အကြောင်းအကျိုး၊ အကောင်းအဆိုးကို မစဉ်းစားမချင့်ချိန်နိုင်တော့ဘဲ လွဲမှားစွာ ဆုံးဖြတ်လုပ်ကိုင်တတ်၏။

မူနည်ယုတ်မာ၊ ကြမ်းကြုတ်စွာဖြင့်၊ ဣသာသဘော၊ ပြန့်ပြောများသူ၊ ခွေးနှင့်တူ၏၊ ခွေးဟူတုံက၊ လှမလှနှင့်၊ ဟီနဥက္ကဋ္ဌ်၊ ယုတ်မြတ်လူရှင်၊ ပျိုအိုသွင်လည်း၊ မြင်မြင်သမျှ၊ သွားကိုပြ၍၊ ဒေါသမျက်ဆူ၊ ဟိန်းငြူစူ၏။ (ပိုဒ်ရေ ၂၃၅)

စိတ်သဘောထား ယုတ်မာကောက်ကျစ် ကြမ်းတမ်းခက်ထန်သူများသည် ခွေးနှင့်တူ၏။ အဘယ့်ကြောင့်ဆိုသော ခွေးသည် ရုပ်အဆင်းလှသူ၊ မလှသူ၊ ယုတ်ညံ့သူ၊ မြင့်မြတ်သူ၊ ပျိုသူ၊ အိုသူဟူ၍ မရွေးဘဲ တွေ့သမျှလူကို သွားကိုဖြဲပြ၍ ဒေါသဖြင့် ဟောင်တတ်၊ ငြူစူတတ်သောကြောင့်ပင် ဖြစ်၏။

လောင်ခြစ်ပွက်ဆူ၊ မျက်ထွက်သူကို၊ တုံ့မူအမျက်၊ ပြန်မထွက်က၊ အောင်ခက်နိုင်ခဲ၊ စစ်မြေထဲဝယ်၊ အောင်ပွဲရသည်၊ သူဟုမည်ရှင့်၊ မကြည်စိတ်စက်၊ အမျက်ထွက်သူ၊ ထိုသည့်သူနှင့်၊ အတူပြန်လျက်၊ မျက်မာန်ထွက်သော်၊ ရှေ့ထက်နောက်လူ၊ မိုက်သောဟူ၏။ (ပိုဒ်ရေ ၂၆၃)

ကိုယ့်အပေါ် အမျက်ဒေါသနှင့် ဆက်ဆံပြောဆို တိုင်းထွာဆဲရေးလာသူကို တုံ့ပြန်၍ အမျက်ဒေါသ ခိုက်ရန်မဖြစ်ပွားသူသည် စစ်မြေပြင်၌ အောင်ပွဲရသူနှင့် တူ၏။ ထိုကဲ့သို့မဟုတ်ဘဲ အမျက်ထွက်သူကို ပြန်လည်အမျက်ထွက်သူသည် ပိုမို၍ မိုက်မဲသောသူသာ ဖြစ်ပေလိမ့်မည်။

ကျိုးပြစ်မသိ၊ မရှိဥာဏ၊ မိုက်ဝါဒနှင့်၊ လူ့ဗာလမျိုး၊ လနေမိုးကို၊ မျက်ငြိုးငြူစူ၊ ဆဲရေးမူလည်း၊ ဆဲသူလူနွမ်း၊ သွမ်းသာသွမ်း၏၊ သွားလမ်းအညီ၊ ရာသီပက္ခ၊ ကာလမရွေ့၊ သာလေ့ပူလေ့၊ ရွာမြဲလေ့တိုင်း၊ ပြကတေ့အရိုး၊ လနေမိုးတို့၊ နွမ်းညှိုးဂုဏ်ဝါ၊ ဘယ်ပျက်ရာလိမ့်။ (ပိုဒ်ရေ ၂၆၃)

ပညာမဲ့သော လူမိုက်လူယုတ်တို့သည် အကြောင်းအကျိုး၊ အဆိုးအပြစ်တို့ကို နားမလည်ဘဲ ကောင်းကင်ထက်တွင် သွားလာနေသော လ၊ နေ၊ မိုးတို့ကို ပြစ်တင်ရှုတ်ချပြီး ဆဲရေးတိုင်းထွာနေသော်လည်း ဆဲသူသာ မောပန်းပြီး လူမိုက်လူသွမ်းတစ်ယောက် ဖြစ်ရ၏။ အဘယ့်ကြောင့်ဆိုသော် လ၊နေ၊ မိုးတို့သည် ၄င်းတို့အား ကဲ့ရဲ့ သဂြိုဟ်ခြင်းကို ဂရုမထားဘဲ မိမိတို့၏ ရာသီဓမ္မတာ ဓလေ့ထုံးစံအတိုင်း သာမြဲသာ၊ ပူမြဲပူ၊ ရွာမြဲရွာပင် ဖြစ်၍ ၄င်းတို့၏ ဂုဏ်သိက္ခာကို မည်သို့မျှ မထိခိုက်နိုင်ချေ။

ပဋိဃာတ်မျိုး၊ ရန်မပျိုးနှင့်၊ ရန်ငြိုးမထား၊ တရားမွေ့ညက်၊ မေတ္တာသက်၍၊ ရန်ဖက်မမူ၊ ရေးမယူက၊ ရန်သူမဖြစ်၊ ချစ်ထက်ချစ်၏။ (ပိုဒ်ရေ ၃၁၈)

ဒေါသတရား ရှေ့ထားပြီး တစ်ဦးအပေါ် တစ်ဦး ရန်စမပျိုးသင့်၊ ရန်ငြိုးလည်း မထားသင့်။ တရားတော်၌ မွေ့လျော်လျက် မည်သူ့ကိုမျှ တုံ့ပြန်ရန်ငြိုး မထားပါနှင့်။ ထိုသို့ ရန်ကို ရန်ချင်း မတုံ့နှင်းသော် မိမိသည် ထိုသူ၏ ရန်သူမဖြစ်သည်သာမက မိမိကိုပင် ပိုမိုကြည်ညိုလေးစားပေလိမ့်မည်။


ခင်မင်လေးစားလျက်

ရန်အောင်

Read More...

ညီ၊ညီမလေးသို့ အိတ်ဖွင့်ပေးစာ..





ညီ၊ညီမလေးတို့ရေ...

ပတ်ဝန်းကျင်အသိုင်းဝိုင်းနဲ့ နေရတာတော်တော်လေး အခက်ကြုံနေရတယ်လို့ပြောတယ်။ ဘာဖြစ်လို့လည်း သူတို့ ကဘာတွေ လုပ်နေကြ လို့လဲ။ ကိုယ်ကကော သူတို့ကိုဘာတွေ သွားလုပ်နေမိကြလို့လဲ။ အကိုရေးရေးလေး မြင်လိုက်တာကတော့ ငွေကြေးဆိုတဲ့ တံတိုင်းကြီးက ကာရံခံလိုက်ရတယ်လို့ ထင်တယ်။ အေးလေ သူတို့က ငွေကြေးဆိုတဲ့ ပေတံနဲ့ လူ့ဘ၀ကို တိုင်းတာကြတာ ဖြစ်လိမ့်မယ်ထင်တယ်။

ဒီပေ တံနဲ့ အတိုင်းခံရပြီး ကျဉ်ဖယ်ထားခံရလည်း ဘာဖြစ်လို့ အရေးလုပ်နေရမှာလည်း။ ဒီအတွက်တော့ ဘာအရေးမှ စိုက်မနေကြဖို့ မှာ ကြားလိုပါတယ်။ အဓိကကျတဲ့ လုပ်ရပ်မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ဘက်က လုပ်ဆောင် ရမယ့်၊ ပြုမူရမယ့် လူသားဆန်တဲ့ လုပ် ရပ် တွေတော့ လုပ်ကိုလုပ်ရမယ်နော်။ ဒါကိုတော့ အကိုအရေးတကြီးကို မှာလိုက်ပါတယ်။



တကယ်တော့ကွာ လူလောကြီးမှာ လူသားတစ်ယောက် အသက်ရှင်နေထိုင်ရတဲ့အခါ အဲဒီလူဘာတွေ လုပ်သွားသလဲဆိုတဲ့ ပေတံနဲ့တိုင်း တာတာက ပိုပြိးသဘာဝကျတယ်လို့ အကိုတော့ ခံယူထားတယ်။ ပစ္စည်း ဥစ္စာမရှိတာလောက်နဲ့ လူရာမသွင်းတာကိုတော့ သူတို့ဘက်က သေးသိမ်တာ တကျလွန်းတယ်လို့ အကိုတော့ထင်တယ်လေ။ ဆိုတော့ ဒီအတွက်လောက်နဲ့ ဘာမှအရေးစိုက်မနေပါနဲ့။ လျစ်လျူ ရှုထား လိုက်ပါ။ ကိုယ်လုပ်စရာရှိတာတွေကို ဆက်လုပ်ကြဖို့ အရေးကြီးတယ်။ လုပ်စရာတွေကတော့ အများကြီးပဲ ကိုယ့်အတွက်ရော၊ ပတ်ဝန်း ကျင်အတွက်ပါလိုအပ်နေတဲ့ အရေးတကြီး လုပ်ဆောင်ရမှာတွေ ဒူးနဲ့ဒေးဆိုသလို ရှိနေခဲ့ပါတယ်။

တချို့ကတော့ အခုပစ္စုပ္ပန်တည့်တည့်မှာ နေချင်သလိုနေရရင် ပြီးပြီထင်ကြတယ်။ တကယ်က သမိုင်းဆိုတာ၊ ရာဇ၀င်ဆိုတာတွေဟာ ဘယ် လိုလူအတွက်ပဲ ဖြစ်ဖြစ် ကျန်နေရစ်တယ်ဆိုတာ အမှန်ပဲ။ ဒါပေမယ့် ကျန်ပုံခြင်းတော့ မတူဘူးပေါ့ကွာ။ အဲဒါတွေထားလိုက်ဦး အနီးစပ် ဆုံး အကိုတို့ရွာက ဘကြီးဝင်းနဲ့ ဟိုတလောလေးက အေ့စ်ကိုက်လို့သေသွားတဲ့ ကိုထင် တို့ကိုပဲကြည့်လေ။ သူတို့ အကြောင်းတွေကို လူတော်တော်များများ ပြောနေကြတုန်းပဲမဟုတ်လား။ ဒါပေမယ့် ပြောကြဆိုကြပုံချင်းကတော့ မတူဘူးဆိုတာ ညီလေး၊ညီမလေးတို့ ခွဲခြား သိနိုင်ကြမှာပါ။ အချို့က ဆိုကြသေးတယ် သေရင်ပြီးပြီတဲ့။ ဒါနဲ့ပတ်သက်လို့လည်း ဥပလေး အနည်းငယ် ပြောပြစရာရှိတယ်။

အာဘင်အယ်စလာဟာ ငယ်ငယ်တုန်းက သူ့အဖေနဲ့ ဓမ္မဆရာတစ်ဦးတို့ ပြောဆိုတဲ့စကားစမြည်လေးကို ဘေးနားကနေ တစ်ဆင့်ကြားဖူး ခဲ့တယ်တဲ့လေ။ ဒီတော့ သူဟာ လူငယ်ဆိုပေမယ့် ဖာသိဖာသာမနေခဲ့ဖူးပေါ့။ ဓမ္မဆရာကနေ သူ့အဖေကို ပြောတယ်…
“ ခင်ဗျားရဲ့ အပြုအမူတွေကို သတိရှိရှိဆောင်ရွတ်ပါ။ ခင်ဗျားအပြုအမူတွေဟာ အနာဂတ်မျိုးဆက်တွေအပေါ် အကျိုးတစ်စုံတစ်ရာ သက်ရောက်နိုင်တယ်လို့ စဉ်းစားပါ”လို့ပြောတယ် ။ အဲဒါကို သူ့အဖေကလည်း ပြန်ပြောလိုက်တယ်ပေါ့။
“ ဘာကြောင့် အနာဂတ်မျိုးဆက်တွေအတွက် ကျုပ်ကပြုမူနေထိုင်ရမှာလဲ။ ကျုပ်က သူတို့ကို ဘယ်တော့မှ တွေ့ရမှာမှ မဟုတ်ပဲ။ ကျုပ်သေသွားပြီးလို့ သားစဉ်မြေးဆက်တွေက ကျုပ်အကြောင်း ဘာတွေပြောနေနေ ကျုပ်ဟာ ဂရုမစိုက်“လို့ ပြန်ပြောလိုက်တယ်တဲ့။

ဆိုတော့ ဒီစကားဝိုင်းလေးကို သားဖြစ်သူ အာဘင်အယ်စလာက ဘယ်တော့မှ မမေ့ဘူး။ သူ့ဘ၀တစ်လျှောက်လုံးမှာ သူဟာ အကောင်း ဆုံးနေထိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ လူတွေကို အတတ်နိုင်ဆုံး ကူညီခဲ့တယ်။ စိတ်အားထက်သန်သန်နဲ့ အလုပ်တွေလုပ်ခဲ့တယ်။ တခြားလူ
တွေအပေါ် ဂရုတစိုက် ရှိသူအဖြစ် သူဟာလူသိများလာခဲ့တယ်။ သူသေဆုံးသွားခဲ့တဲ့အခါ သူထူထောင်ခဲ့တဲ့ လူမှုကယ်ဆယ်ရေး စီမံကိန်း တွေ အများကြီးကျန်ခဲ့တယ်။ သူ့ရဲ့ ညွှန်ကြားချက်အရ သူ့အုတ်ဂူရှေ့မှာ ရေးထိုးထားတဲ့ သင်္ချိုင်းစာ တစ်ကြောင်းရှိတယ်။

အဲဒါကတော့…..
“ သေလျှင်ပြီးပြီဆိုသော ဘ၀သည် အသက်ရှင်ရကျိုး မနပ်သော ဘ၀ဖြစ်သည်”တဲ့။ ဒီတော့ ကိုယ့်ကိုငွေကြေးဥစ္စာ မရှိလောက်ယုံနဲ့ လူရာမသွင်းခံရတာဟာ အရေးမကြီးပါဘူး။ သို့သော် ကိုယ်လုပ်ရမယ့် လူမှုရေးလုပ်ငန်းတွေကိုတော့ ကိုယ်တတ်နိုင်သလောက်လုပ် ဆောင်သွားဖို့ အရေးကြီးပါတယ်။ သူတို့ဘ၀တွေကိုတော့ ဒီငွေကြေးဥစ္စာက ဘယ်လောက်အာမခံချက် ပေးနိုင်မှာမို့လည်း။ ဆိုလိုတာက ငွေကြေးဥစ္စာတွေ ကျိကျိတက်ချမ်းသာနေပေမယ့် လူသားကောင်းကျိုးအတွက် ဘာမှမလုပ်ဆောင်နိုင်ရင်တော့ ဒီလူဟာ လူဖြစ် နေပေ မယ့် အသက်ရှင်လျှက်နဲ့ သူ့ရဲ့အသက်ရှင်မှုဟာ သေဆုံးနေခဲ့ပါပြီ။ ညီလေး၊ညီမလေးတို့ဟာ အဲဒီလူမျိုးထဲ မပါအောင်တော့ ကိုယ့်ကိုယ်ကို ဂရုစိုက်နေရမယ်။ ဒါမှသာလျှင် ဘ၀မှာမြင့်မြတ်တဲ့ လူသားဖြစ်ခွင့်ရရှိမှာဖြစ်တယ်။
အခုဇာတ်လမ်းလေးကို ကြည့်လေ အာဘင်အယ်စလာဟာ သူငယ်ငယ်ကကြားဖူးခဲ့တဲ့ စကားလေးကို အမှုမည့်အမှတ်မဲ့ မထားခဲ့ဘဲ။ ဒီ စကားလေးကို အလေးတမူထားပြီး သူလုပ်ဆောင်သင့်တာတွေကို လုပ်ဆောင်သွားခဲ့တယ်။ နောက် လုပ်ဆောင်တဲ့အခါမှာလည်း တကယ့် ကို စိတ်ပါလက်ပါ လုပ်ဆောင်ခဲ့တယ်။ အခုတော့ သူသေပေမယ့် သူစီမံကိန်းတွေက အခုထိဆက်လျှက်ရှင်သန်နေဆဲပဲ၊ သူဟာ လူသေ သွားပေမယ့် သူ့နာမည်ဟာ အခုထိမသေခဲ့ပါဘူး။ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို လူတွေက သတိတရထားပြီး ပြောဆိုနေခဲ့ကြတယ်။

အမှန်တကယ်လည်း သူဟာ ရခဲတဲ့လူ့အဖြစ်ကို ထိုက်ထိုက်တန်တန် ရခဲ့တယ်မဟုတ်လား။ သူ့ ချန်ထားခဲ့တဲ့ နောက်ဆုံးစာ တန်းလေးဟာ လည်း တန်ဖိုးဖြတ်လို့မရအောင် ကျန်နေရစ်တယ်။ ဒီစာတန်းလေးကနေ လူဘ၀ပေါင်းများစွာ ဘယ်လောက် ပြောင်းလဲပေးနိုင်ဦးမယ်ဆို တာ မှန်းဆလို့တောင် မရဘူးမဟုတ်လား။ ဟုတ်တယ်.. တချို့ကတော့ ပစ္စုပ္ပန် တည့်တည့်မှာ နေချင်သလိုနေရတယ်။ ၀တ်ချင်တာဝတ် ရတယ်။ စားချင်တာစားနေရတယ်။ အလိုရှိတာတွေ ရနေခဲ့တယ်ဆိုပြီး ကိုယ့်ကိုယ်ကို လောကနိဗ္ဗာန်ခံစားနေကြ သယောင်ယောင် ပြော ဆိုသံတွေကြားနေခဲ့ရတယ်။ ဒီတော့ လက်ရှိဘ၀မှာ နေချင်သလို၊ စားချင်သလို၊ ၀တ်ချင်သလို ၀တ်နေရတာကိုပဲ ဟုတ်လှပြီထင်နေကြ တယ်။ တစ်ချို့ဆိုရင် သေရင်ပြီးပြီလို့တောင် ကြွေးကြော်သံတွေ ဟစ်အော်နေခဲ့တယ်။ သူ့စကားလေးကို ပြန်ပြောရရင် “ သေလျှင်ပြီး ပြီဆိုသော ဘ၀သည် အသက်ရှင်ရကျိုး မနပ်သောဘ၀ဖြစ်သည်”တဲ့။

ညီလေး၊ညီမလေးတို့ဟာ ဘ၀မှာ ဘာတွေပိုင်ဆိုင်နေချင်ကြတာလဲ။ ဘာတွေမရလို့ ပင်ပန်းနေခဲ့ကြတာလဲ ပစ္စည်းဥစ္စာ တစ်ခုတည်း လောက်နဲ့ ကိုယ့်အသိုင်းဝန်းက ကျဉ်ဖယ်ခံထားရတယ်ဆိုရင်တော့ ဘယ်တော့မှ စိတ်ညစ်မှုတွေ ဖြစ်မနေပါနဲ့။ စိတ်ကောင်း၊စေတနာ ကောင်းထားပါ။ လုပ်သင့်တာကို စိတ်ပါလက်ပါနဲ့လုပ်ပါ။ သူတစ်ပါးကို ထိခိုက်သော အပြုအမူမျိုးကို ရှောင်ပါ။ သတိဝိရိယရှိပါ။ ကိုယ် လုပ်နေတဲ့ အလုပ်တိုင်းကို တန်ဖိုးထားပါ။ ဘယ်လိုသော အသေးဖွဲကိစ္စမျိုးကိုမဆို လျောတိလျောရဲ မလုပ်ပါနဲ့။ အကယ်၍ လူတိုင်းကို တန်ဖိုးထား လေးစားနေပေမယ့် သူတို့က ဒါကိုအသိမှတ်မပြုလို့ စိတ်ပျက်သွားမယ်ဆိုတဲ့ သဘောကို ဘယ်တော့မှမဆောင်ပါနဲ့။ ဒီလိုဆို ရင် ညီလေး၊ညီမလေးတို့ဟာ လောကကြီးထဲမှာ လူသားတစ်ယောက် အသက်ရှင်နေထိုင်ရခွင့် နပ်သွားပါလိမ့်မယ်။

ဟိုတလောလေးက ဘီးလ်ဂိတ်ကတော့ သူပိုင်ဆိုင်ထားတဲ့ ငွေကြေးဘီလီယံပေါင်းများစွာကို လူသားဖွံ့ဖြိုး ရေးအတွက်မှာ အသုံးချသွား မယ်လို့ ပြောဆိုသံကြားလိုက်ပါတယ်။ အကိုတော့ထင်တယ် နောက်ပိုင်း သူမရှိတဲ့ အချိန်မှာ ဒီဘီးလ်ဂိတ်ဆိုတဲ့ ကွန်ပျူတာပညာရှင်ကြီးရဲ့ ချန်ထားခဲ့တဲ့ ငွေကြေးတွေကို ဘီးလ်ဂိတ်ဖောင်ဒေးရှင်း အဖွဲ့ကနေ ဘယ်လိုဆုတွေ၊ရွေးခြယ်ပြီး ချီးမြင့်သွားဦးမလည်းဆိုတာ ကြားလာ ရပါလိမ့်မယ်။ လွန်ခဲ့တဲ့ နှစ်များစွာကလည်း သူလှူဒါန်းတဲ့ ငွေကြေးပမာဏတွေကို ခေတ်သစ်ဝေဿန္တရာလို့ကို ခေါ်လောက်အောင် များ ပြားခဲ့တယ် မဟုတ်လား။ ဆိုလိုတာကတော့ အခုလက်ရှိထင်ရှားရှိနေဆဲမှာလည်း သူဟာ လူသားကောင်းကျိုးတွေကို ပုံဖော်နေခဲ့သလို၊သူမရှိတော့တဲ့ နောက်ပိုင်းမှာလည်း သူထားခဲ့တဲ့ ငွေကြေးတွေနဲ့ လူသားဖွံ့ဖြိုးရေးဆိုတာတွေ ဘယ်လောက်ထိတောင် တွင်တွင်ကျယ် ကျယ် လုပ်ဆောင်ခဲ့ကြဦးမလဲဆိုတာ ကြားရတာနဲ့ ၀မ်းသာပီတိ ဖြစ်ရပါတယ်။

ဒါကြောင့် သူရဲ့နာမည်ဟာ အခုလည်းထင်ရှားကျော်ကြားနေသလို၊ နောက်သူမရှိတဲ့ နောက်ပိုင်းမှာလည်း သူဟာဘယ်တော့မှ သူ့နာမည် သေမှာမဟုတ်ဘူးဆိုတာကို ပြောချင်တာပါ။ ညီလေး၊ညီမလေးတို့လည်း ကိုယ်စွမ်း ဆောင်တဲ့ဘက်ကနေ အားလုံးအတွက်မစွမ်းဆောင် နိုင်တောင် ကိုယ့်ရပ်ရွာအတွက်၊ကိုယ့်ပတ်ဝန်းကျင် အသိုင်းဝန်းအတွက် ဘာတွေချန်ထားခဲ့မလဲ ဆိုတာကိုတွေးပြီး လုပ်သင့်တာတွေလုပ် ပါ။ တစ်နေ့တော့ ကိုယ့်စေတနာကို နားလည်းပြီး လူရာမသွင်းချင်လည်း အလိုလိုနေရာဆိုတာ ရလာပါလိမ့်မယ်။ နာမည်ကြီးဖို့ လူရာ သွင်းခံရဖို့ဆိုတာ လုပ်ယူလို့ကောင်းတဲ့ အရာမဟုတ်ပါဘူး။

ဒီလောက်ဆိုရင် ညီလေး၊ညီမလေးတို့ တော်တော်လေးတော့ နားလည်သဘော ပေါက်လောက်ပြီလို့ ယုံကြည်ပါတယ်။ သေရင်ပြီးပြီဆိုတဲ့ စိတ်မျိုးမွေးပြီး လုပ်ချင်ရာလျှောက်လုပ်မယ်ဆိုတဲ့ စိတ်မျိုးကိုတော့ အခုထဲကရှောင်ရှားနိုင်ပါစေ။

မင်းတို့ရဲ့ ချစ်ဆုံးအစ်ကိုကြီး….

ရာဇာစိုး(ရွှေနံ့သာ)

အရှင်ခေမာနန္ဒ (ခေတ္တ-အမေရိကန်) မှ မျှဝေခံစားသည်။

Read More...

warmly welcome © 2008. Design by :Yanku Templates Sponsored by: Tutorial87 Commentcute
This template is brought to you by : allblogtools.com Blogger Templates